အမြို့မြို့အနယ်နယ်သတင်းများ

May 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ ကျောင်းအပ်နှံရေး သီတင်းပတ်ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” အသိပညာပေး ပိုစတာစိုက်ထူပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်း‌ရှေ့တို့တွင် အသီးသီးကျင်းပပြုလုပ်ခဲ့သည်။
May 16,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ မိုင်းလမ်းကျေးရွာအုပ်စု မိုင်းလမ်းကျေးရွာ၊ ခန္တောကျေးရွာအုပ်စု ကျောက်အိုးကျေးရွာ၊ ညောင်ဂျစ်ကျေးရွာ အုပ်စု ညောင်ဂျစ်ကျေးရွာနှင့် ရစ်ကန်ကျေးရွာအုပ်စု၊ ကျားတွင်းကျေးရွာတို့တွင် ယမန်နေ့ ညနေ(၆)နာရီ(၃၀)မိနစ်အချိန်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
May 16,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) သို့ စာအုပ်စာစောင်များနှင့်အလှူငွေများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က လားရှိုးခရိုင်လူထုအခြေပြုဗဟိုဌာနရှိ သင်တန်းခန်းမတွင် ကျင်းပသည်။
May 16,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ကျင်းပသည်။
May 16,2024
မြန်မာ-တရုတ်ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ်အဖြစ် တရုတ်ခရီးသွားများ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ညောင်ဦးမြို့နယ်၊ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသသို့ ရောက်ရှိလာခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ (ပုဂံရုံးခွဲ)တာဝန်ရှိသူများထံက သိရသည်။
May 16,2024
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်ပညာသင်တန်း ၁/၂၀၂၄ သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်တွင် သန်လျင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမ၌ ကျင်းပသည်။
May 16,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ပြည်သူများ အသိပညာဗဟုသုတရရှိပြီး စာဖတ်သောအလေ့အကျင့်ကောင်းများ ရင့်သန်လာစေရန်ရည်ရွယ်၍ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။