ပုဇွန်တောင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးနေ့ ဆိုင်းဘုတ်စိုက်ထူ

ပုဇွန်တောင် မေ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂-၂၀၂ညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံ ကြပါစို့ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့နံနက် နာရီအချိန်က အမှတ်(၆)ရပ်ကွက် အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်ဈေးရှေ့တွင် စိုက်ထူခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆိုင်းဘုတ်စိုက်ထူပွဲသို့ ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်စန်းနှင့်ဆရာ/ဆရာမများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနှင့်ဝန်ထမ်းများ၊ ပုဇွန်တောင်ဈေးတာဝန်ခံများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၆)ကျောင်းရှိပြီး ၂၀၂ ခုနှစ်၊ မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ်သတ်မှတ်ထားပြီး ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိကြောင်းနှင့် ကျောင်းသား/သူများအားလုံးကို အတန်းစဉ်အလိုက်ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ/ဘောပင်များ အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟန်စုယဉ်