မိုင်းခတ်၌ ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းခတ် မေ ၁၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့ပေါ်ကျေးရွာနှင့် ဝေးလံသော တောင်ပေါ်ကျေးရွာများ၌ နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းအဖွဲ့သည် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဖာလန်ကော်ကျေးရွာအုပ်စု၊ နမ့်ဟဲဝမ်မိုင်ကျေးရွာရှိ ကိုယ့်အားကိုယ်ကိုး မူလတန်း‌ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မိုင်းခတ်မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းတို့ က  ကျေးရွာနေပြည်သူများအားလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ‌ကို ဆွေးနွေးပြောကြားရာတွင် လူကုန်ကူးမှုအန္တရာယ်အကြောင်းနှင့် မှုခင်းပိုင်းဆိုင်ရာများ၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်း၏ ပြစ်မှုပြစ်ဒဏ်နှင့် ဆိုးကျိုးများ၊‌ စစ်မှုထမ်းဥပ‌ဒေဆိုင်ရာ သိကောင်းစရာများ၊ အသက် (၁၀) နှစ်အထက်ရှိသူများအား အီလက်ထရောနစ်စနစ်ဖြင့် ဇီဝအချက်အလက်များ‌ ကောက်ယူနေမှုများ၊ စပါး၊ ပြောင်းများ ပိုးကျပါက‌ ဆောင်ရွက်သင့်သည့် နည်းလမ်းများ၊‌ နှစ်ရှည်ပင်များ စိုက်ပျိုးကြရန်၊ ကော်ဖီပျိုးပင်များကို မြို့နယ်စိုက်ပျိုးရေးဌာနတွင် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း၊ စားသုံးဆီဖူလုံစေရေး နေကြာစိုက်ပျိုးကြရန်၊ ကျွဲ၊ နွား၊ ကြက်၊ ဝက်‌မွေးမြူရာတွင် ရောဂါကူးစက်မှုမှ ကာကွယ်ရေး၊ သတင်းအမှားအမှန်ခွဲခြားနိုင်ရေး၊‌ တောမီးမရှို့ရေး၊ တောင်ယာခုတ်ထွင်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဥပဒေများအကြောင်းနှင့် ကျေးလက်မီးလင်းရေး၊ ကျေးရွာလယ်ယာကုန်ထုတ်လမ်းများအကြောင်း၊ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်ရှောင်ရန်၊ဆောင်ရန်အချက်များကို မြန်မာဘာသာ၊ အာခါဘာသာတို့ဖြင့် အသိပညာ‌ပေးဆွေးနွေး‌ ဟောပြောခဲ့ကြသည်။

ထို့နောက်တက်ရောက်လာကြသော ဖာလန်ကော်ကျေးရွာအုပ်စု၊ နမ့်ဟဲဝမ်မိုင်ကျေးရွာမှ တိုင်းရင်းသားပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ တင်ပြဆွေးနွေးရာ သက်ဆိုင်ရာကဏ္ဍများအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)