ညောင်ဦး မေ ၁၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာ/တဲတိုက်များသို့ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် နယ်မြေမီးသတ်စခန်းများက သောက်သုံးရေလှူဒါန်းပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ် ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းထွန်းထံက သိရသည်။
ယနေ့တွင်လည်း သောက်သုံးရေးလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေမီးသတ်စခန်းမှ သောက်သုံးရေလိုအပ်လျက်ရှိသော စဉ့်ကူတိုက်နယ် နဂါးရုံဘုန်းတော်ကြီးကျောင်းအတွက် သောက်သုံးရေ ၁၆၀၀ ဂါလံ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း