သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (Youth Club) အဖွဲ့မှ စာဖတ်ဝိုင်းပြုလုပ်

သံဖြူဇရပ် မေ ၁၆

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေဝါသနာရှင်(Youth Club)တို့ပူးပေါင်း၍ စာရေးဆရာအောင်မိုးထက်ရေးသားသည့် "အောင်မြင်မှုဆီသွားတဲ့အခါ” စာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။

ဦးစွာမြို့နယ်ဦးစီးအရာရှိ ဒေါ်အေးအေးသီက စာဖတ်ဝိုင်းပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး(Youth Club)အဖွဲ့မှ စာပေဝါသနာရှင်များက အဆိုပါစာအုပ်မှ အောင်မြင်မှုဆိုတာဘာလဲ၊ အောင်မြင်မှုကိုရယူနိုင်ရန်၊ အောင်မြင်မှုကိုရယူလိုသူများအတွက်ရိုးဂုဏ်၊ အောင်မြင်မှုအတွက်သင်ယူဖို့နာခံတတ်ဖို့၊ အောင်မြင်ဖို့အတွက်စီမံကိန်းချဆောင်ရွက်ပါ၊ အောင်မြင်မှုကိုရဖို့အရှုံးကိုရင်ဆိုင်နိုင်ပါစေ စသည့်အကြောင်းအရာတို့ကိုကဏ္ဍအလိုက် ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသော စာပေဝါသနာရှင်များမှအပြန်အလှန်  မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲကိုဆောင်ရွက်ခြင်းဖြင့် လူငယ်များအနေဖြင့် စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊ စာဖတ်ခြင်းဖြင့် အမှားအမှန်ကိုဝေဖန်ပိုင်းခြားတတ်စေရန်၊ အစုအဖွဲ့ဖြင့်ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)