မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အထက်မင်းလှ မေ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က လုံခြုံရေးဂရုပြုဆောင်ရွက်ကြရန်၊ ၂၀၂၄-၂၀၂၅ခုနှစ်တွင် စို က်ပျိုးရေးသီးနှံများ စိုက်ပျိုးရာတွင် သီးထပ်စွမ်းအားမြှင့်တင်ရေး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အကြောင်းအရာများ၊ မကြာမီအချိန်ကာလတွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်‌မည်ဖြစ်၍ ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းတွင်းသန့်ရှင်းသာယာလှပ‌စေရေး ဆရာဆရာမများ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသားမိဘများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြရန်၊ ကျောင်းနေအရွယ်ကလေးများ အားကျောင်းအပ်နှံရေး၊အပူချိန်မြင့်မားနေသည့်ကာလအတွင်းကျန်းမာဂရုပြုနေထိုင်ကြရန်နှင့် သစ်ပင်စိုက်ပျိုးကြရန်၊ Grade - 9အောင်ကျောင်းသား၊ ကျောင်းသူများအား စက်မှုစိုက်ပျိုး၊မွေးမြူရေးအထက်တန်း‌ကျောင်း တက်‌ ရောက်နိုင်ရေး တို့အားဆွေးနွေးပြောကြားခဲ့သည်။

 ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဌာနဆိုင်ရာများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊  သီးထပ်စွမ်းအားမြှင့်တင်ရေး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအကြောင်းအရာများ၊ Grade-9 အောင် ကျောင်းသား၊ ကျောင်းသူများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း‌ကျောင်းတက်‌ရောက်နိုင်ရေးတို့ကို အကြံပြုဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ်လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)