မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၄ ခုနှစ် ၊ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းပြီးမြောက်အောင်မြင်အောင် စွမ်းစွမ်းတမံ သင်ကြားပေးခဲ့ကြသော နည်းပြနှင့်ကြီးကြပ်များအား ဂုဏ်ပြုပွဲ အခမ်းအနား တက်​ရောက

မော်လမြိုင် မေ ၁၆

မွန်ပြည်နယ်(၂ဝ၂၄) ခုနှစ်၊ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းပြီးမြောက်အောင်မြင်အောင် စွမ်းစွမ်းတမံ သင်ကြားပေးခဲ့ကြသော နည်းပြနှင့်ကြီးကြပ်များအား ဂုဏ်ပြုပွဲအခမ်းအနားကိုယနေ့နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ နည်းပြများနှင့်ကြီးကြပ်သူများ၊ စာသင်သားများ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများနှင့် ကျောင်းမနေခဲ့ရသည့် ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်စေရန်အတွက် စာတတ်မြောက်ရေးလုပ်ငန်းများကို  တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ ကျေးလက်နေပြည်သူများ အပါအဝင် အစွန်အဖျားကျသည့် ​နေရာ​ဒေသများမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားများ စာတတ်မြောက်မှုနှုန်းနှင့် အတန်းပညာတတ်မြောက်မှုနှုန်း မြင့်မားစေရေးအတွက် အ​ခြေခံစာတတ်မြောက်ရေး လုပ်ငန်းကို စဉ်ဆက်မပြတ် ​ဖော်​ဆောင်သွားကြရမည်ဖြစ်​ကြောင်း၊ ပညာတတ်မှသာ ဗဟုသုတကြွယ်ဝလာပြီး တိုင်းပြည်အတွက် အကျိုးပြုလုပ်ငန်းများတွင် ပါဝင်လာနိုင်မှာဖြစ်၍ တိုင်းပြည်အနာဂတ်သာယာလှပ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စာမတတ်သူများ ပပျောက်​ရေးကို စေတနာ၊ အနစ်နာခံပြီး မိမိရဲ့ အားလပ်တဲ့ အချိန်တိုကာလအတွင်းမှာ အကျိုးရှိစွာဖြင့် စေတနာအပြည့်နဲ့ သင်ကြားပေးတဲ့ နည်းပြနှင့်ကြီးကြပ်များ၊ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းပြီးမြောက်အောင်မြင်အောင် စွမ်းစွမ်းတမံ ကူညီပံ့ပိုး ​ဆောင်ရွက်​ပေးကြသူများ အားလုံးကို အထူးပင်​ကျေးဇူးတင်ရှိပါ​ကြောင်းဖြင့် ဂုဏ်ပြုအမှာစကား​ပြောကြားခဲ့သည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းမှ စာတတ်မြောက်ရေးနှင့် ကျောင်းပြင်ပညာရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုများနှင့် ရှင်းလင်းတင်ပြခြင်း ဆက်လက်ဆောင်ရွက်ရန်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းပြင်ပ ပညာရေးကဏ္ဍများဖြစ်သည့် စာတတ်မြောက်ရေးနှင့် စဉ်ဆက်ပညာရေး၊ ပညာပေး ဇာတ်လမ်းတိုဗီဒီယို ပြသခဲ့မှုအ​ပေါ် ကြည့်ရှုအား​ပေးခဲ့ကြသည်။

ယင်း​နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရေးဦးစီးကော်မတီက  ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများအား ​ပေးအပ်ခဲ့ပြီး စာတတ်​မြောက်​ရေးလုပ်ငန်းတွင် သင်ကြား၊ ကြပ်မတ်ဆောင်ရွက်ပေးခဲ့သည့် စေတနာလုပ်အားပေး နည်းပြနှင့်ကြီးကြပ်များထံ ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်လူမှု​ရေးရာဝန်ကြီးမှ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းတွင်သင်ကြား၊ ကြပ်မတ် ဆောင်ရွက်ပေးခဲ့သည့် စေတနာလုပ်အားပေး နည်းပြနှင့် ကြီးကြပ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားခဲ့သည့် စာသင်သားများအား သင်ယူပြီးမြောက်ကြောင်း လက်မှတ်များ ပေးအပ်ခဲ့ချီးမြှင့်ကာ စာသင်သားများကိုယ်စား စာသင်သားတစ်ဦးက ကျေးဇူးတင် ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က စေတနာလုပ်အားပေး နည်းပြနှင့် ကြီးကြပ်များ၊ စာသင်သားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)