မူဆယ် မေ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ သစ်တောဦးစီးဌာန၊ ချယ်ရီခန်းမ၌ ယမန်နေ့နံနက် (၁၁) နာရီက သစ်တောသစ်ပင်နှင့် ဇီဝမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်သည်။
ရှေးဦးစွာ မူဆယ်ခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်သက်က သစ်တောသစ်ပင်နှင့် ဇီဝမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာ ပေးဟောပြောသည်။ ဆက်လက်ပြီး မြို့နယ်ဦးစီးမှူး ဦးမျိုးစည်သူအေးက သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးဆိုင်ရာအကြောင်းအရာများ ဟောပြောသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက သဘာဝပတ်ဝန်ကျင်ထိမ်းသိန်းရေး အကြောင်းအရာများကို ဟောပြောဆွေးနွေးသည်။ ထို့ပြင် သစ်တောဦးစီးဌာန၏ ရွှေသမင်ပျိုးဥယျဉ်အတွင်း ပျိုးပင်များ ပျိုးထောင်ထိန်းသိမ်းထားရှိမှု အခြေအနေများနှင့် သစ်ပင်များအကြောင်းအား တောအုပ်ဦးမျိုးသန်းထိုက်က တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများအား ရှင်းလင်းပြသသည်။ ဟောပြောပွဲတွင် ကျောင်းသား/ကျောင်းသူများ တက်ရောက်ပြီး သိရှိလိုသည်များ မေးမြန်းခြင်း၊ ပျိုးဥယှဉ်အတွင်း လေ့လာခြင်း ဆောင်ရွက်ပြီး ချယ်ရီ၊ ခါတော်မှီ၊ ထင်းရှူးပင်များ စိုက်ပျိုးနိုင်ရန် တာဝန်ရှိသူများက ပျိုပင်းများ ပေးအပ်ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)