ရွှေဘို မေ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အသိပညာဗဟုသုတ တိုးပွားရရှိစေရေးစာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ၊ ကျောင်းသား/သူများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ တက်ရောက်ရောက်ခဲ့ကြသည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမြင့်စန်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ မိမိတို့ဆုံးဖြတ်ထားသည့် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိအောင် မလျော့သောဇွဲ၊ ပြင်းပြသည့်စိတ်ဆန္ဒများဖြင့် ကြိုးစားရမည်ဖြစ်ကြောင်း၊ အောင်မြင် တိုးတက်သူတစ်ယောက်ဖြစ်ရန် နေ့စဥ်စာဖတ်ဖို့လိုအပ်ကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာအုပ်စာပေများကို ရွေးချယ်ဖတ်ရှုကြရန်၊ စာဖတ်ခြင်းသည် ယဥ်ကျေးသိမ်မွေ့ပြီး တိုးတက်မည့် နည်းလမ်းကောင်းများ ရရှိမည်ဖြစ်ကြောင်းတို့ကို ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ် စာစောင်များကို ဖတ်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။
အေးမြင့်စန်း
ခရိုင်(ပြန်/ဆက်)