ဖြူးမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းရာ တစ်ဧကပျှမ်းမျှအစို တင်း(၁၄၁.၉၆)ဧကထွက်ရှိ

ဖြူး မေ ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌  နွေစပါးအထွက်နှုန်းသိရှိစေရေးအတွက် လူငယ်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်ရှိ ကွင်းအမှတ် ၈၀၂-ခ၊ ဦးပိုင်အမှတ် ၂/၅ စိုက်ဧက(.၁၄)ဧကတွင် လက်ဆွဲကောက်စိုက်စက်ဖြင့်စိုက်ပျိုးထားသော နှံကောက်စပါးမျိုးအား မေလ (၁၅)ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ စံကွက်ရိတ်သိမ်းရာ တစ်ဧကပျှမ်းမျှအစို တင်း(၁၄၁.၉၆)ဧကထွက်ရှိကြောင်း သိရသည်။
ထိုသို့ စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးညှိနှိုင်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ လူငယ်အားမာန်စိုက်ပျိုးရေးနှင့်လုပ်ငန်းစုံ သမဝါယမအသင်းဥက္ကှဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျီးမနိုးကျေးရွာအုပ်စုအတွင်း ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှတောင်သူများ တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)