Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကြံခင်းမြို့နယ်လုံးဆိုင်ရာ ဒီပင်္ကရာမြတ်စွာဘုရားကြီး၏ (၂၁၀) ကြိမ်မြောက် ဘုရားပွဲတော်နှင့် တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပွဲတော်အခမ်းအနားကျင်းပ
Nov 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာဒီပင်္ကရာ မြတ်စွာဘုရားကြီး၏ (၂၁၀) ကြိမ်မြောက် ဘုရားပွဲတော်နှင့် တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပွဲတော် အခမ်းအနားကို ယမန်နေ့ည (၈) နာရီအချိန်က အဆိုပါဘုရားဝန်းအတွင်း ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်၌ ကျေးလက်လမ်း လုပ်ငန်းဆောင်ရွက်နေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Nov 01,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကင်းလပ်- မြောက်တောကြီး-တအုံလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ညောင်ပင်ကြီး-ထန်းသုံးပင်-ကင်းလပ်လမ်းကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ယမန်နေ့မွန်းလွဲပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးလှခိုင်၊ မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မှီစွာ ဆောင်ရွက်ကြရန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ ဒုတိယအကြိမ် မြန်မာ့ရိုးရာ နွားအလှနှင့် နွားလှည်းယဉ်ကြော့ပြိုင်ပွဲကျင်းပ
Nov 01,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူကြီးကြပ်၍ စီစဉ်ကျင်းပသည့် ဒုတိယအကြိမ် မြန်မာ့ရိုးရာ နွားအလှ နှင့်နွားလှည်းယဉ်ကြောပြိုင်ပွဲကို နိုဝင်ဘာ ၁ ရက်နံနက်ပိုင်းက မြို့နယ်အားကစားကွင်းတွင် စတင်ယှဉ်ပြိုင်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူးတွင် မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာရေစက်ချ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
Nov 01,2025
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များစုပေါင်း၍ လှူဒါန်းသောမြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာရေစက်ချအခမ်းအနားကို ယနေ့နံနက်၁၀နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း ရန်ပုံငွေများ ထောက်ပံ့ပေးအပ်
Nov 01,2025
ကိုရီးယားနိုင်ငံ ရာသီဥတုပြောင်းလဲမှုဗဟိုဌာန (CCC)နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် စွမ်းအားမြှင့်မီးဖိုစီမံကိန်း ရန်ပုံငွေအစီအစဉ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သည့် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကျေးရွာဖြစ်သည့် သကံဝကျေးရွာအုပ်စု၊ တယ်ပင်(၃)ကျေးရွာ၌ ယနေ့နံနက်(၉)နာရီ အချိန်တွင် စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍ၊ လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့် ဝင်ငွေတိုးပွါးရေးကဏ္ဍ စသည့်ကဏ္ဍကြီး (၃)ရပ်အတွက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီမံကိန်းမှထောက်ပံ့ ငွေများ ပေးအပ်သည့် အခမ်းအနားကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မှော်ဘီမြို့နယ် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ တောင်သူများသို့ နေကြာမျိုးစေ့ များ၊ Drum Seeder များ ဖြန့်ဖြူးပေးအပ်ခြင်းနှင့် သစ်စိမ်းမြေဩဇာကြဲပက…
Nov 01,2025
၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ တောင်သူများသို့နေကြာမျိုးစေ့များ၊ Drum Seeder များ ဖြန့်ဖြူးပေးအပ်ခြင်းနှင့် သစ်စိမ်းမြေဩဇာ ကြဲပက်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင် မှော်ဘီမြို့နယ် ညောင်ကုန်းကျေးရွာတောင်သူဒေါ်အေးအေးပိုင်၏ လယ်မြေတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် မြရတနာလူမှုကူညီရေးအသင်းအတွက် မြေနေရာ၊ အဆောက်အအုံနှင့် မော်တော်ယာဉ် လှူဒါန်း
Nov 01,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကသဲကုန်းကျေးရွာ လူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်လျက်ရှိသည့် မြရတနာလူမှုကူညီရေးအသင်းအတွက် ကွယ်လွန်သူမိခင်ကြီး (ဒေါ်သိန်းရှင်) အားရည်စူး၍ ကျန်းမာရေးမော်တော်ယာဥ်၊ အဆောက်အဦး၊ မြေနေရာတို့အားလှူဒါန်းပေးခြင်းအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အဆိုပါကျေးရွာအဝင်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းစည်းဝေး
Nov 01,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန် အခြေခံပညာကျောင်းများကို အခြေခံ၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဆောင်ရွက်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့ရှိအခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
36
Page
37
Page
38
Page
39
Current page
40
Page
41
Page
42
Page
43
Page
44
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department