မတ္တရာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများစတင်

မတ္တရာ မေ ၂

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂-၂၀၂ပညာသင်နှစ် အတွက် ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို မေ၂ရက်မှစတင်၍ လက်ခံဆောင်ရွက်နေပြီ ဖြစ်ကြောင်းသိရသည်။

ကျောင်းအပ်နှံ​ရေးရက်သတ္တပတ်အဖြစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားပြီး ဇွန် ရက်တွင် အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်မည် ဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများအား မိဘများမှ လာရောက်အပ်နှံလျက်ရှိသည်။

ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူများအား KG တန်းမှစ၍  ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ကျောင်းသုံးသင်ရိုးစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်းသိရသည်။

ရွှေရာသား