မတ္တရာ မေ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး ကမ္ဘာ့ပတ်ဝန်းထိန်း သိမ်းရေးနေ့အကြို အသိပညာပေး လက်ကမ်းစာစောင်များ၊ ပလတ်စတစ်အိတ် မသုံးစွဲရနေ့ (Monday Stop)အစီအစဉ်ဖြင့် Recycle Bag များနှင့် အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းတို့ကို မေ ၂၅ ရက် နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးတွင် ဆောင်ရွက်သည်။
အဆိုပါ လှုပ်ရှားမှုတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်၊ တိုင်းဒေသကြီးလွှတ်ကိုယ်စားလှယ် ဦးနန်းဝင်းထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်းနှင့်ဌာနဆိုင်ရာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဟိန်းမင်းထွန်းနှင့်ဝန်ထမ်းများက ပြည်သူများအား ပလတ်စတစ်အိတ်များ အသုံးပြုခြင်းအစား Recycle Bag များ အသုံးပြုကြရန် အသိပညာပေးဟောပြောခဲ့ကြပြီး ပလတ်စတစ်ညစ်ညမ်းမှုအားဖြေရှင်းနိုင်သည့် နည်းလမ်းများ၊ ပလတ်စတစ်ညစ်ညမ်းမှု၏ ဆိုးကျိုးများစသည့် အသိပညာပေးလက်ကမ်း စာစောင်များနှင့် ပလတ်စတစ် အိတ် အစားထိုး Recycle Bagများ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ရွှေရာသား