စိုက်ပျိုးရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ပြောင်းလဲလာသော ရာသီဥတုနှင့်လိုက်လျောညီထွေသော စိုက်ပျိုးရေး ထုတ်လုပ်ခြင်း နည်းပညာပေး သင်တန်းပြုလုပ်

ကော့သောင်း  မေ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ် ဆယ်မိုင်ကျေးရွာအုပ်စု  ပါဆယ်ပါညှန်းကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(ရေတံခွန်) သင်တန်းခန်းမတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေသော စိုက်ပျိုးရေးထုတ်လုပ်ခြင်း နည်းပညာပေး သင်တန်းကို မေ(‌၂၆)ရက် နံနက်ပိုင်းက  ပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမြင့်ဇော်က အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးသန့်ဇင်က သင်တန်းဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(ရေတံခွန်) ခြံတာဝန်ခံ ဦးသူရကျော်က ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေသော စိုက်ပျိုးရေးထုတ်လုပ်ခြင်း နည်းပညာပေး သင်တန်းပို့ချရာ ရာသီဥတုပြောင်းလဲခြင်း၏ စိုက်ပျိုးရေးကဏ္ဍအပေါ်  သက်ရောက်မှု၊ ကြိုတင်လက်ဦးမှု ရယူဆောင်ရွက်နိုင်မည့် အစီအစဉ်များ၊ သီးနှံစိုက်ပျိုးနည်းစနစ်နှင့် သီးနှံပုံစံ၊ သီးနှံပုံစံချမှတ်ရာတွင် အခြေခံရမည့်အချက်များ၊ သီးနှံပုံစံအမျိုးအစားများ၊ သီးနှံထုတ်လုပ်မှုပုံမှန်ရရှိရေး ဆောင်ရွက်ရန် နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြောင်းလဲလာသော မိုးရွာသွန်းမှုပုံစံနှင့် လိုက်လျောညီထွေမည့် အစေးခြစ်စနစ်ဖြင့် ရော်ဘာပင်များအား မိုးကာတပ်ဆင် အစေးခြစ်ခြင်းအကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)