အမြို့မြို့အနယ်နယ်သတင်းများ

Nov 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများ၏ စုပေါင်းပဒေသာပင်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၅ နာရီက ကျင်းပခဲ့သည်။
Nov 01,2025
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ရုံးဝန်ထမ်းများလုပ်ငန်းခွင် မွမ်းမံသင်တန်းအမှတ်စဥ် (၂/၂၀၂၅)သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါစေတီတော်ရှိ ရေကြည်တော် ဝတ်အသင်းတန်ဆောင်း၌ ကျင်းပခဲ့သည်။
Nov 01,2025
ရန်ကုန်တိုင်းဒေသကြီးအဆင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီမှ ကြီးမှူး၍ အသိပညာပေး ဆွေးနွေးပွဲကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
Nov 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၀) ရပ်ကွက်၊ ရမ္မာဝတီလမ်းရှိ မဟာပုညဝိဟာရ(ဗီယက်နမ်)ကျောင်းတိုက်သို့ ဗီယက်နမ်-မြန်မာ သာသနာပြုလုပ်ငန်းစဉ်အရ ဗီယက်နမ်နိုင်ငံတွင် သွန်းလောင်းထုလုပ်ပူဇော်အပ်သော ဉာဏ်တော် အမြင့် ၁၉ ပေ၊ အလေးချိန် ၈ တန်ရှိ ထိုင်တော်မူကြေးသွန်းဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ အစိတ်အပိုင်းများ ထည့်သွင်းထားသည့် ပေ ၄၀ ကုန်သေတ္တာတစ်လုံးအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် သီလဝါအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမှ ထုတ်ယူပင့်ဆောင်ခဲ့ရာ သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက်မှ ဆရာတော် သံဃာတော်များက ဗုဒ္ဓရုပ်ပွားတော်ကြီးအား ဖူးမြော်ခဲ့ကြသည်။
Nov 01,2025
ဝမ်းတွင်းမြို့နယ်တွင် ဆန္ဒမဲပေးစက်အသုံးပြုနည်းကို ပြည်သူများအသိပညာပေးသရုပ်ပြမှု့ကို ယမန်နေ့နံနက်က ဒိုင်ကောင်းကုန်းကျေးရွာ အထက်တန်းကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံတွင် ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှု့ကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များက မဲပေးစက်နှင့်ဆန္ဒမဲပေးနည်းစနစ်များရှင်းလင်ပြီး တက်‌ရောက်လာသူများအား လက်တွေ့မဲပေးစကအသုံးပြု၍ မဲပေးစေခဲ့သည်။
Nov 01,2025
ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်မြတ်စွယ်တော်တိုက်ရှိ  ဗုဒ္ဓမြတ်စွယ်တော်  (၁၂၆)နှစ်ပြည့် ဖွင့်လှစ်အပူဇော်ခံပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခွဲက စေတီတော်ရင်ပြင်ကျားပျံဓမ္မာရုံ၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညို ကုသိုလ်ကောင်းမှုများ ပြုလုပ်သည်။
Nov 01,2025
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အဝေယာကုန်းသာယာ မီးပုံးပျံကွင်းကြီးအတွင်း၌ ကျင်းပလျက်ရှိသည့် နေ့လွှတ်အရုပ်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းတွင် ဆက်လက်ယှဉ်ပြိုင် လွှတ်တင် လျက်ရှိသည်။
Nov 01,2025
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးနှင့် သီးနှံဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှုခဲ့သည်။