ပြင်ဦးလွင် မေ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများကို ပညာရေး ၀န်ကြီးဌာန အခြေခံပညာကျောင်းများ၌ မေ ၂၅ ရက်မှစ၍ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံခြင်းများ စတင် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျောင်းအပ်နှံရေးကာလကို မေ ၂၅ ရက်မှ ၃၁ ရက်အထိ လက်ခံသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှအခမဲ့ဖြန့်ဝေသည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများကို အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)