Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်း(၂)မျိုး သင်တန်းဆင်း
Nov 01,2025
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီတို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့်ဖွင့်လှစ်သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ) သင်တန်း (၂)မျိုး သင်တန်းဆင်းပွဲအခမ်းအနား ကို အောက်တိုဘာလ ၃၁ ရက်နေ့နံနက် ၁၁ နာရီက ဘားအံမြို့၊ တော်ဝင်ရတနာဟိုတယ်၌ ကျင်းပရာ ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်းဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများအဆင်ပြေ ချောမွေ့စွာဖွံ့ဖြိုးတိုးတက်စေရန် အဖက်ဖက်မှစီမံချက်များချမှတ်အကောင်အထည်ဖော်လျက်ရှိပြီး ခရီးစဉ်ဒေသသစ်ဖော်ထုတ်ပေးခြင်းနှင့်ရှိနှင့်ပြီးသားခရီးစဉ်ဒေသများကိုလည်း ရေရှည်တည်တံခိုင်မြဲ စေရေးလိုအပ်ချက်များကို စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်း(၂)မျိုး၏ အခြေခံဝန်ဆောင်မှု သင်တန်းများမှ ရရှိခဲ့သည့် သင်ခန်းစာ၊ ဗဟုသုတ၊ အတွေ့အကြုံများကို လေ့လာသင်ယူခဲ့သော သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း မိမိတို့ လုပ်ငန်းခွင်တွင်အကျိုးရှိရှိပြန်လည်အသုံးချပြီး ပြည်နယ်၏ဂုဏ်ကိုတိုးတက်စေမည့် ဟိုတယ်နှင့် တည်းခိုရိပ်သာများ၏ ဝန်ဆောင်မှု အရည်အသွေးကောင်းများပေးစွမ်းနိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ၂၀၂၅ခုနှစ် တန်ဆောင်တိုင် MSMEs ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Nov 01,2025
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ခုနှစ် တန်ဆောင်တိုင် MSMEs ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ UMFCCI နှင့်ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ MSMEs လုပ်ငန်းရှင်များ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းရှင်များ၊ စစ်ဘက်နယ်ဘက်မှတာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်…
Nov 01,2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ (၃၀) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပခဲ့ရာအားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂)ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်(၉)ဖွဲ့တို့မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ခံနည်းပြများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ မဟာဗျူဟာ (၂၀၂၆ - ၂၀၃၀) ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲကျင်းပ
Nov 01,2025
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ ပူးပေါင်းပြုလုပ်သည့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏မဟာဗျူဟာ (၂၀၂၆ - ၂၀၃၀) ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို အောက်တိုဘာလ(၂၉)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Inya Lake Hotel တွင်ပြုလုပ်ခဲ့ရာမြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌပါမောက္ခ ဒေါက်တာမျိုးညွန့် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 01,2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
၂ဝ၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Nov 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ လူငယ်စင်တာတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇီးကုန်းမြို့နယ်စည်ပင်သာယာဈေးအား ကြည်ရှုစစ်ဆေး
Nov 01,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် နိုဝင်ဘာ ၁ ရက်က နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် စည်ပင်သာယာဈေးအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းများပြန်လည်ပြုပြင်နေမှုများအား ကွင်းဆင်းစစ်ဆေး
Nov 01,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်များအတွင်း မန္တလေးမြေငလျင်လှုတ်ခတ်မှုကြောင့် ပျက်စီးခဲ့သောလမ်းများ၊ လမ်းဘေးပလက်ဖောင်းများ၊ လမ်းလယ်ကျွန်းများပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
40
Page
41
Page
42
Page
43
Current page
44
Page
45
Page
46
Page
47
Page
48
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department