အမြို့မြို့အနယ်နယ်သတင်းများ

May 26,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူကြသော အငြိမ်းစားဝန်ထမ်းများအား ဆီ၊ ဆန်နှင့် ကြက်ဥများကို အဆိုပါဘဏ်ရှေ့တွင် ယမန်နေ့နံနက် ၈ နာရီက ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
May 26,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာမြို့နယ်အဆင့် (ဆင့်ပွား)ဆွေးနွေးပွဲသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အမှတ်(၇)ရပ်ကွက် မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
May 26,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှတို့မှ ကွမ်းခြံကုန်းမြို့နယ်တွင် ဆေးဆိုင်များအား‌ ဆရာဝန်ညွှန်ကြားချက်မလို‌သော အိမ်သုံး‌ဆေး (သောက်ဆေး) အမျိုးမျိုးအား စစ်ဆေးခြင်းများကို မေ ၂၄ ရက်နေ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
May 26,2026
တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာ KG တန်းမှ Grade-12  ကျောင်းသား ကျောင်းသူများက အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ (၂၅)ရက်မှစတင်၍ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး<၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသကြီးဝန်ကြီးများက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ကျောင်းသူများကျောင်းအပ်နှံနေမှုအား လိုက်လံကြည့်ရှုအားပေးသည်။
May 26,2026
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း (လယ်ဝေးမြို့နယ်)တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံတိုင်းရင်းဆေး ပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
May 26,2026
မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
May 26,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲက အစိုးရသစ်၏ ရက် (၁၀၀) ကာလအတွင်း ဆောင်ရွက်နေသော မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲကို မေ ၂၆ ရက်နေ့ နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ပြုလုပ်သည်။