အမြို့မြို့အနယ်နယ်သတင်းများ

Nov 01,2025
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊(ဘုရင့်နောင်)ခန်းမ၌ကျင်းပသည်။
Nov 01,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း/ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် နိုဝင်ဘာ ၁ ရက်က သာယာဝတီခရိုင် သာယာဝတီမြို့နယ် ဥစားဘဲမွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
Nov 01,2025
ပြည်မြို့၊ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ အောက်တိုဘာလ(၃၁)ရက်နေ့ နံနက်ပိုင်းက တောင်ဘက်စောင်းတန်းအသစ်ဖွင့်လှစ်ခြင်းနှင့် စက်လှေကားအသစ်ဖွင့်လှစ်ခြင်း ကုသိုလ်ပြု ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး တက်ရောက်ခဲ့ကြသည်။
Nov 01,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်၌ မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသည့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များ၏ (၁၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာ(၁)ရက် နံနက်(၉) နာရီက  ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။
Nov 01,2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် သမဝါယမအသင်းလီမိတက်များမှ မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် ရိတ်သိမ်းနေမှုအခြေအနေများအား  အောက်တိုဘာ ၃၁ ရက်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
Nov 01,2025
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကြီး ၃ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်း လောင်းလှူပွဲနှင့် သီလရှင်ကျောင်းတိုက် ၅ ကျောင်းမှ သီလရှင်ဆရာကြီး/ဆရာလေးများအား ဆွမ်းဆန်စိမ်းများ လောင်းလှူပွဲကို နိုဝင်ဘာလ ၁ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်း ကျင်းပရာ ဆွမ်း၊ ဆွမ်းဟင်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိမှ MSME၊ ဟိုတယ်/တည်းခိုရိပ်သာ၊ မော်တော်ယာဉ်ငယ် အသင်းနှင့် စားသောက်ဆိုင် လုပ်ငန်းရှင်များ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
Nov 01,2025
ရှမ်းပြည်နယ် တောင်ကြီးမြို့၏ ၁၃၈၇ခုနှစ် တန်ဆောင်ပွဲတော် တတိယနေ့တွင် မြို့တွင်းစုပေါင်းဘုံကထိန် ပဒေသာပင်လှည့်လည်ခြင်း၊ အဝေရာကုန်းသာယာမီးပုံးပျံကွင်း၌ ရိုးရာမီးပုံး ပျံများ လွှတ်တင်ယှဉ်ပြိုင်ခြင်းတို့ကို ယမန်နေ့က ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
Nov 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့်မြို့နယ် ဌာနဆိုင်ရာများ၊ အလှူရှင်များစုပေါင်း၍ လှူဒါန်းသော အကြိမ်(၂၀)မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာရေစက်ချ အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။