Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် (၇) ရက်သားသမီးများ၏ စုပေါင်းမဟာဘုံကထိန် အလှူတော် အခမ်းအနာ…
Nov 01,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် (၇) ရက်သားသမီးများ၏ စုပေါင်းမဟာဘုံကထိန် အလှူတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မိုးကောင်းကျေးရွာအုပ်စု၊ အင်းဝိုင်းကျေးရွာရှိ ရွှေရတနာကျောင်းတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်နှင့်တစ်ကိုယ်ရေသုံးပစ္စည်းများ ပေးအပ်
Nov 01,2025
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်တွင် အခြားတိုင်းဒေသကြီး/ ပြည်နယ်များက အကြမ်းဖက်ဖြစ်စဉ်များကြောင့် မြို့နယ်အတွင်းသို့ ပြောင်းရွေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆန်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများပေးအပ်ခြင်းကို ယနေ့နေ့လယ် ၁၂ နာရီက ချောင်းဖျားကျေးရွာ မဟာဗောဓျာရာမဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့ အတုလဂုဏ်ရည်သာသနာ့ဗိမာန်တော်၌ ချင်းပြည်နယ်အစိုးရအဖွဲ့ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်
Nov 01,2025
ချင်းပြည်နယ်အစိုးရအဖွဲ့ဦးဆောင်မှုဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာမိသားစုများ၊ တပ်ရင်း/တပ်ဖွဲ့မိသားစုများ၊ ဒေသခံဗုဒ္ဓဘာသာဝင်မိသားစုများ၏ ၂၀၂၅ ခုနှစ် စုပေါင်းမဟာ ဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နိုဝင်ဘာ ၁ ရက် နံနက် ၉ နာရီခွဲက ဟားခါးမြို့ အတုလဂုဏ်ရည် သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ရန်အတွက် အကြိုကွင်းဆင်းတိုင်းတာ စစ်ဆေး
Nov 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ တောင်သူဦးကြီးများ၏ လယ်ယာထွက်ကုန်ပစ္စည်းများ ဈေးကွက်အတွင်းသို့ လွယ်ကူလျှင်မြန်စွာ သယ်ယူနိုင်စေရေး ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ကတိုင်စိန်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ရန်အတွက် အကြိုကွင်းဆင်း တိုင်းတာစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
အဖျောက်မြို့တွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်
Nov 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီးဖြစ်သဖြင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် နိုင်ငံပိုင်ပစ္စည်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိစေရေး ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အဖျောက်မြို့မဈေးတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် မြတ်ပညာကိုယ်ပိုင်အထက်တန်းကျောင်းတွင် မီးသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Nov 01,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းအနေဖြင့် ပြည်သူများ၊ အခြေခံစားသောက်ကုန်များ ဝယ်ယူသုံးစွဲရာ၌ အထောက်အကူ ပြုစေရန်အတွက် စားအုန်း ဆီများကိုဈေးနှုန်းချိုသာစွာဖြင့်စဉ့်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းတုန်းမြို့နယ်၌ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပ
Nov 01,2025
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ ပြည်ပပို့ကုန် ထုတ်ကုန်သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ပြုလုပ်ရာ မြို့နယ်စီမံခန့်ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပိုးသတ်ဆေးအရောင်ဆိုင်များနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ် ရန်ကုန်ပြည်လမ်း - မကျီးကွင်းလမ်းပိုင်း ကျောက်ချောခင်းခြင်းလုပ်ငန်းဆောင်ရွက်
Nov 01,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ပဲခူးတိုင်းဒေသကြီးတာဝန်ခံ၊ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် သာယာဝတီခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသန်းမြတ်စိုး၊ သာယာဝတီမြို့နယ်မှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်ဝင်းဝင်းချိုတို့နှင့်အတူ အောက်တိုဘာလ (၃၀) ရက်နေ့၌ သာယာဝတီမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် Myint & Co Engineering ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် ရန်ကုန်ပြည်လမ်း - မကျီးကွင်းလမ်း ကျောက်ချောခင်း ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး၍ လမ်းတာချဲ့ရာတွင် သတ်မှတ်အကျယ် ရရှိအောင်ဆောင်ရွက်ရန်၊ Sheet footroller သုံးရန်နှင့် သတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်မီစွာဖြင့် ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
33
Page
34
Page
35
Page
36
Current page
37
Page
38
Page
39
Page
40
Page
41
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department