ကော့ကရိတ် မေ ၂၆
၂၀၂၆-၂၀၂၇ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၈:၃၀နာရီက ကော့ကရိတ်မြို့ အထက(၁)၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မှူးက ထပ်ဆင့်အမှာစကားပြောကြားသည်။ ယင်းနောက် ခရိုင်ပညာရေးမှူး ဦးခွန်အောင်မျိုးဆွေက ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် ပညာရေးကဏ္ဍမြှင့်မားလာစေရန် အားလုံး ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ရီရီခိုင်က ကျောင်းအပ်နှံရေးကိစ္စရပ်များ၊ သင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ ကျောင်းပြင်ပဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ကျောင်းသား/သူများအား နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့ပေးအပ်သော မူလတန်းကျောင်း ဝတ်စုံ၊ ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များနှင့် အလှူရှင်များမှ လှူဒါန်းသောပစ္စည်းများကို တာဝန်ရှိသူများကပေးအပ်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)