မတ္တရာမြို့နယ် ကန်ဖြူကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် မြေငှားဂရန်ထုတ်ပေးနိုင်ရေး ဆောင်ရွက်

မတ္တရာ  မေ ၂၆

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် မတ္တရာမြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် မြေငှားဂရန်ထုတ်ပေးနိုင်အတွက် လျှောက်လွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁နာရီက လက္ကောင်းကြီးကျေးရွာအုပ်စု ကန်ဖြူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပသည်။

အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်မှ လျှောက်လွှာတင်ရန်ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်က မြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် မြေတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းပြော ကြားသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌက မြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှု အခြေနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ မြေငှားဂရန်လျှောက်လွှာများကို ပေးအပ်ခဲ့ပြီး ပထမရက်(၁၀၀)ကာလအတွင်း မြေငှားဂရန်ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်နိုင်မှု လက်ကမ်းစာစောင်များကို ပေးဝေခဲ့ကြောင်းသိရသည်။

ရွှေရာသား