မတ္တရာ မေ ၂၆
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၌ နန်းရွှေရာ ရောင်းဝယ်ရေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၄/၂၀၂၅ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက မတ္တရာမြို့ အမှတ်(၁)ရပ်ကွက် ဓမ္မာရုံတွင် ကျင်းပသည်။
ဦးစွာ နန်းရွှေရာရောင်းဝယ်ရေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးကျော်မြင့်မှ သဘာပတိအဖြစ် ဆောင်ရွက်၍ အမှာစကားပြောကြားခဲ့ပြီး မတ္တရာမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမြင့်က လက်ရှိဆောင်ရွက်နေသော သမဝါယမလုပ်ငန်းအကြောင်းနှင့် အသင်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို အကြံပြုဆွေးနွေးခဲ့သည်။ ဆက်လက်၍ အသင်းအမှုဆောင် ဦးကျော်လွင်က အသင်းရှေ့လုပ်ငန်းစဉ်များကို ဖတ်ကြား ဆွေးနွေးခဲ့ကြောင်းသိရသည်။
ရွှေရာသား