ရေဖြူမြို့နယ် အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်လက်ခံလျက်ရှိ

ရေဖြူ မေ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်လက်ခံလျက်ရှိရာ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ မေ ၂၅ ရက် နံနက်၉နာရီ အချိန်မှစတင်၍ လာရောက်ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို KG အတန်းမှ G-12 အတန်းကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ကျောင်းသုံးစာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများကို ကျောင်းသားကျောင်းသူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

အသက်(၅)နှစ်ပြည့်ပြီးသည့် ကလေးသူငယ်တိုင်း မည်သည့်ခွဲခြားမှုမျှမရှိစေရန်၊ မည်သူတစ်ဦး တစ်ယောက်မျှမကျန်ရှိစေရန်နှင့် အခြေခံပညာသင်ယူခွင့်ရရှိစေရန်အတွက် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)