ကလိန်အောင်မြို့ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံဆောင်ရွက်

ကလိန်အောင် မေ ၂၆

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထင်တန်းကျောင်း၌ မေ ၂၅ ရက် နံနက်၉ နာရီက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအားစတင်ကျောင်းအပ် လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ် သီတင်းပတ်အတွက် KG အတန်းမှ Grade-12 ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ကလိန်အောင်(ပြန်/ဆက်)