လောင်းလုံးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား စတင်ကျောင်းအပ်လက်ခံ

လောင်းလုံး မေ ၂၆

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ လောဖဝဖ၊င်းလုံးမြို့နယ်၊ကမြောကင်းကျေးရွာ အခြေခံပညာအထင်တန်းကျောင်း၌  ယမန်နေ့ နံနက် ၉ နာရီက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများစတင်ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ထိုက်နှင့် တာဝန်ရှိသူများက ကျောင်းအပ်နှံမှုအား ကြည့်ရှုအားပေးသည်။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် သီတင်းပတ်အတွက် KG အတန်းမှ Grade-12 အတန်းအထိကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း  ပေးအပ်ခဲ့ကြသည်။

အဆိုပါ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေ ၂၅ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

သိန်းသိန်း(လောင်းလုံး)