ချမ်းမြသာစည် မေ ၂၆
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့(မြို့နယ်အဆင့်) အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၁၃) အခြေခံပညာ အထက်တန်းကျောင်းခွဲ ချယ်ရီစူပါစိမ်းခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးက ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းတက်ရောက်နိုင်စေရန် အရေးကြီးကြောင်း၊ ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအတွင်း အပြည့်အဝကျောင်းအပ်နှံကြဖို့ ထပ်မံတိုက်တွန်းလိုကြောင်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးဒေါ်ဂျုံဂျုံက ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပရခြင်းနှင့်ပက်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးအပ်သည် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသုံးစာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ဘောပင်ခဲတံများကို ကျောင်းသား/ကျောင်းသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)