လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံလက်ခံ

လိပ်သို  မေ ၂၆

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ခွင့်ရရှိရေးအတွက် မေ (၂၅) ရက်မှစပြီး ကျောင်းအပ်နှံလက်ခံဆောင်ရွက်ပေးလျက်ရှိသည်။ ကျောင်းအပ်လက်ခံ​ရာတွင် ကျောင်းသားကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းအပ်လက်ခံ ဆောင်ရွက်နေမှုအား  မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်နှင့် ကျောင်းအကျိုးတော်ဆောင်များက အားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နော်ဖလောရင်း