အမြို့မြို့အနယ်နယ်သတင်းများ

May 27,2026
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် အစိုးရသစ်လက်ထက် ရက်(၁၀၀) “လမင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ် ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးဌာနမှူးရုံး၌ ဆောင်ရွက်ကြောင်း သိရသည်။
May 27,2026
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ် မီးသတ်စခန်းမှ ရက် (၁၀၀) စီမံချက်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့နံနက် (၉) နာရီအချိန်က ဌာနဆိုင်ရာရုံးများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
May 27,2026
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် Rice Export Zone ဆောင်ရွက်မည့် ကုမ္ပဏီများနှင့် ဒေသခံတောင်သူ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီတွင် သန်လျင်မြို့နယ် စစ်ပင်ကွင်းကျေးရွာ စိုက်ပျိုးပညာပေးစခန်း၌ ကျင်းပသည်။
May 27,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၌ ဒေသခံပြည်သူများ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ သိရှိစေရန်အတွက် သံတောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 27,2026
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို မေ ၂၅ ရက်နေ့နံနက် ၉ နာရီက ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ) ရုံးတွင် ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအ‌‌ရှေ့) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
May 27,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်နယ်‌မှ သင်တန်းကျောင်း/တပ်များနှင့် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးကြီးကြပ်မှုကော်မတီမှ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး အသင့်စုဖွဲ့ထားရှိမှုနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဗထူးတပ်နယ် အားကစားကွင်း၌ ကျင်းပသည်။
May 27,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၆-၂၀၂၇ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘုရင့်နောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
May 27,2026
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ရက် ၁၀၀ စီမံချက်ဖြင့် မိုးစပါး၊ နေကြာမျိုးစေ့နှင့် ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။