အမြို့မြို့အနယ်နယ်သတင်းများ

Oct 07,2025
ပေါင်းတည်မြို့၌ (၁၄၄)ကြိမ်မြောက် မြို့လုံးကျွတ် ဝါကျွတ်ဆွမ်း လောင်းလှူဒါန်း ပေါင်းတည် အောက်တိုဘာ ၇ ပဲခူးတိုင်းဒေသကြီး၊‌ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၆ နာရီမှစ၍ (၁၄၄)ကြိမ်မြောက် မြို့လုံးကျွတ် ဝါကျွတ်ဆွမ်းလောင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။ ထိုသို့ မြို့လုံးကျွတ် ဆွမ်းလောင်းလှူဒါန်းကြရာ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ကဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဌာနပေါင်းစုံ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် တပ်ရင်းတပ်ဖွဲ့မိသားစုတို့၏ စုပေါင်းဆွမ်းလောင်းစုရပ်မှလည်းကောင်း၊ မြို့ပေါ် ၁၂ ရပ်ကွက်အတွင်းရှိ လမ်းအသီးသီး ဆွမ်းလောင်းရုံများရှိ ရပ်ရွာပြည်သူနှင့် လူမှုအသင်းအဖွဲ့များကလည်းကောင်း၊ မြို့နယ်အတွင်း ကျောင်းတိုက်များမှ စီတန်းကြွချီလာကြသည့် ဗုဒ္ဓအမှူးပြုသော သံဃာတော် ၁၄၄ပါးတို့ အား ဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့နိုင်စေရေးနှင့် စိတ်အေးချမ်းသာစွာ သာသနာအကျိုးသယ်ပိုးအားထုတ်နိုင်စေရေးအတွက် လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုအစုစုတို့ကို အသီးသီးလောင်းလှူကာ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြကြောင်း သိရသည်။ ရွှေသား(IPRD)
Oct 07,2025
၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)၌ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျ ရခိုင်စေတီတော်မြတ်ကြီးနှင့် ဇေယျမင်္ဂလာ ရွှေအင်းတောင်စေတီတော်၌ ကုသိုလ်ကောင်းမှုပြုသူများ အထူးစည်ကား လျက်ရှိသည်။
Oct 07,2025
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်း​မြို့နယ်တွင် (၄၃)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မွန်းလွဲ(၁)နာရီကသာရမဥ္ဇူသာမိုဃ်းကောင်းစေတီတော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Oct 07,2025
မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများနှင့် မြို့ပေါ်ရပ်ကွက်များ၌ အစဉ်အလာမပျက် ဆီမီး ထွန်းညှိပူဇော်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။
Oct 07,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ထမုန်ကန်ကျေးရွာအုပ်စု ဥယျာဉ်ကုန်းကျေးရွာ၌ ဥယျာဉ် ကုန်းကျောင်းတိုက်ဦးစီးပဓာနနာယဆရာတော် ဒေါက်တာကောသလ္လ ဦးစီးဆောင်ရွက်ခဲ့သော ကိုယ်ထူကိုယ်ထ ကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
Oct 07,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် သီတင်းကျွတ်လပြည့်ကျော် ၁ ရက် (အောက်တိုဘာ ၇ ရက်)တွင်လည်း ကန့်ဘလူမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးသို့ သွားရောက်၍ ဗုဒ္ဓဘာသာဝင် ပြည်သူများသည် ဆရာတော်ကြီးများထံတော်မှ ဥပုသ်သီလခံယူဆောက်တည်ခြင်း၊ တရားတော်များ နာယူကြည်ညိုခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း စသည့်ကောင်းမှု ကုသိုလ်များပြုလုပ်ခဲ့ကြသည်။
Oct 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ဂေဟစနစ်ကောင်းမွန်စေရန်အတွက် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁)ရပ်ကွက်တစ်ဖက်ကမ်းရှိ သောင်ပြင်၌ သစ်တောဦးစီးဌာနနှင့် မြို့အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။