အမြို့မြို့အနယ်နယ်သတင်းများ

Sep 23,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့ထွေ/အုပ် ရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 23,2024
"ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့" ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂‌၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက် (၁၂)ရက်တာသင်တန်းကို စက်တင်ဘာလ ၁၇ ရက်နေ့မှစ၍ သရက်ချောင်းမြို့၊ မြို့တော်ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Sep 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ဆောင်အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီက မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ အလှူရှင်များက ကျောက်ဆည်မြို့နယ်တွင် ရေဘေးသင့်ခဲ့သော ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ 
Sep 23,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ရေဘေးသင့်ပြည်သူများအား မရှိခဏဆရာတော်ဦးဆောင်၍ ခိုင်နှင်းဝေပရဟိတဖောင်ဒေးရှင်းမှ ယမန်နေ့နံနက် ၁၀ နာရီက ကလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 23,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်‎နေ့မှ ၁၂ ရက်နေ့အထိ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်နေ့တွင် ရေပြန်ကျသွားသည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ကြီးကြပ်လမ်းညွှန်မှုဖြင့် တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ရေဝင်နစ်မြုပ်ခဲ့သော ရပ်ကွက်/ကျေးရွာများ၌ သန့်ရှင်းသောသောက်သုံးရေ ရရှိရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပြည်သူများပူးပေါင်း၍ နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Sep 23,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်း​သော ဆွမ်းဆန်အိတ်များကို ​ကေ့ာကရိတ်မြို့​ပေါ်ရှိ ဘုန်း​တော်ကြီး​ကျောင်းများသို့ ဆက်ကပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒေါနခန်းမတွင် ကျင်းပပြုလုပ်ရာ ပင့်ကျောင်းသံဃာတော်များ၊  ခရိုင်/မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တက်​ရောက်ခဲ့ကြ​ကြောင်း သိရသည်။