အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2024
၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မကွေးမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကံကော်ဆောင်၌ ကျင်းပသည်။
Sep 15,2024
လူငယ်ကဏ္ဍကို မြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာ‌ပေးဟောပြောဆွေးနွေးပွဲကို ယမန်နေ့‌နံနက် (၁၀) နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ လင်းလက်ကြယ်စင်ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမီအောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
Sep 15,2024
ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ၊ ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း ခရိုင်အဆင့်နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်လွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ ခရိုင်သန်းခေါင်စာရင်း‌ကော်မတီအတွင်း‌ရေးမှူး ဒေါ်မော်လီဝင်း၊ မြို့နယ်သန်းခေါင်စာရင်း‌ကော်မတီအတွင်း‌ရေးမှူး ဦးမျိုးအောင်နှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Sep 14,2024
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက လွိုင်ကော်လေဆိပ် ပြန်လည်ပြင်ဆင်ရေး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှု၊ ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်မှုလုပ်ငန်းများ နှင့်ထပ်မံပြုပြင်မည့် အခြေအနေများ၊ မြို့လယ်ဓမ္မရုံ ပြုပြင်ဆောင်ရွက်မည့် အခြေအနေများနှင့် သီရိမင်္ဂလာပုံ‌ဟော်ကြီးကျောင်း၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
Sep 14,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူငယ်များဗလငါးတန်နှင့် ပြည့်စုံပြီးအသိပညာ ဗဟုသုတတိုးပွား‌စေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်စေရန်၊ လူငယ်များ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ် သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်‌စေရန်၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များရင့်သန်လာစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီခွဲက မင်းလှအခြေခံပညာ အထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပခဲ့သည်။
Sep 14,2024
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အ.ထ.က(ပေါင်းတည်)တွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Sep 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြိုနယ် (အ.ထ.က-၂)ကျောင်းတွင် လူငယ်ကဏ္ဍ မြှင့်တင်ပေးနိုင်ရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်နှင့် စာပေလေ့လာဖတ်ရှုဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့နေ့လယ်ပိုင်းက ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ခရိုင်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။