အမြို့မြို့အနယ်နယ်သတင်းများ

Oct 07,2025
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော် မြတ်ကြီး၏ (၁၅၁) ကြိမ်မြောက် သီတင်းကျွတ်ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့က ကန်ကြီးမင်္ဂလာကန်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Oct 07,2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲ​ကျေးရွာ၌ ခရီးသွားဧည့်သည်များ ဝင်ရောက်များပြားလျက်ရှိရာ ယနေ့တွင်စက်စဲအပန်းဖြေကမ်းခြေတစ်လျှောက် အပန်းဖြေရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိ​ကြောင်း သိရသည်။
Oct 07,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ရှိ သမိုင်းအထင်ကရဘုရားများတွင် ဒေသခံပြည်သူများနှင့်   မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများက သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်)နေ့တွင် ဆီမီးပူဇော်ခဲ့ကြကြောင်း ရွှေစည်းခုံစေတီ ဂေါပကအဖွဲ့ထံကသိရသည်။
Oct 07,2025
သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ  အောက်တိုဘာ ၆  ရက်ညပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးတွင် ဥပုသ်သီလခံယူဆောက်တည်သူများ၊ ဝတ်ရွတ်အဖွဲ့များ၊ ဘုရားဖူးပြည်သူများ စည်ကားများပြားလျက်ရှိသည်။
Oct 07,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ ၆၁လမ်းနှင့် ၆၂လမ်းကြား ၁၁၇ လမ်းရှိ (ဃ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ (ဃ)ရပ်ကွက်လုံးဆိုင်ရာ မီးထွန်းပွဲနှင့်နိဗ္ဗာန်ဈေး ပွဲတော်အား ယမန်နေ့ ညနေ (၄)နာရီအချိန်ကစ၍ ကျင်းပခဲ့ကြောင်း သိရသည်။
Oct 07,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဝါလကင်းလွတ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၌ အမှတ် (၉) ရပ်ကွက် အရှေ့ခါးရိုးပရိယတ္တိစာသင်တိုက်အတွင်းတွင် တည်ထားကိုးကွယ်လျက်ရှိသော နှစ်ပေါင်း ၁၁၀ ရှိ ရှေ့ဟောင်းဆုတောင်းပြည့် ရန်အောင် လေးမျက်နှာစေတီတော်မြတ်ကြီး၏ (၂၈) ကြိမ်မြောက် ဆီမီးတစ်သောင်းတစ်ထောင်တစ်ရာ့ တစ်ဆယ် ပူဇော်ပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။