အမြို့မြို့အနယ်နယ်သတင်းများ

Sep 12,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း စက်တင်ဘာလ (၁၀) ရက်မှ (၁၁) ရက်ထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းက ဥယျာဉ်ကျေးရွာ ဆင်သေချောင်းကူးတံတားထိပ် ကွန်ကရစ်လမ်းနှင့် ဖွံ့ဖြိုးရေးလမ်း၊ ဇီးကုန်းကျေးရွာ ဆင်သေတံတား ထိပ်နှစ်ဘက် ပျက်စီးမှုဖြစ်ပွားခဲ့သည်။
Sep 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ယာဥ်ထိန်းတပ်ဖွဲ့စု(၃၅)မှ ဆောင်ရွက်ခဲ့သည်။
Sep 12,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၀)နှစ်အောက် အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။
Sep 12,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့က ဘေးမခ အထူးကုဆေးခန်းမှ နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း လာရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 12,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ ၁၀ ရက်မှ ၁၁ ရက်ထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းက ကျေးရွာချင်းဆက်တံတားများ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Sep 12,2024
၂၀၂၄ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့(ကမ္ဘာ့ဆေးရွက်ကြီးမသုံးစွဲသောနေ့)အထိမ်းအမှတ်ဆွေးနွေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ရန်ကုန်အ‌နောက်ပိုင်းခရိုင်လူထုအခြေပြုဗဟိုဌာန(ဗဟန်း)ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
Sep 12,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကမာကဘန်ကျောင်း၌ ကျင်းပသည်။
Sep 12,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အမျိုးသမီးများဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို သင်တောရိုးကျေးရွာအုပ်စု၊ သာသနာ့ဗိမာန်ကျောင်းတိုက်၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။