ငါန်းဇွန် အောက်တိုဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ယမန်နေ့ ည (၆)နာရီက ဆုတောင်းပြည့် ရှင်ပင်မိုးကောင်းမြို့ဦးစေတီတော်ကြီး၌ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)တွင် ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်ပွဲ၊ ဆီမီးပူဇော်ပွဲများပြုလုပ်ရာ ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်၌ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်များထဲမှ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)တွင မြို့ဦးစေတီတော်ကြီးဖြစ်သည့် ဆုတောင်းပြည့် ရှင်ပင်မိုးကောင်းစေတီတော်မြတ်ကြီးတွင် ဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲ၊ ဆီမီးပူဇော်ပွဲများပြုလုပ်ရာ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်ဖူးမြှော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ဘုရားရင်ပြင်တော်ပေါ်၌ စေတီပုံဖော်၍ဆီမီးပူဇော်ခြင်း ရိုးရာအစဉ်အလာမပျက် မီးပုံးပျံများ လွှတ်တင်ခြင်းများဖြင့်လည်း ဘုရားရှင်အားပူဇော်ခဲ့ကြကြောင်း သိရသည်။ ဘုရားဖူးလာရောက်ကြသော ပြည်သူများအား ကုသိုလ်ရှင်အလှူရှင်များမှ ရေခဲမုန့်၊ ကိတ်မုန့်များဖြင့် စတုဒိသာကျွေးမွေး ဧည့်ခံခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)