အမြို့မြို့အနယ်နယ်သတင်းများ

Sep 13,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း စက်တင်ဘာ ၁၀ ရက်မှ ၁၁ရက်ထိ မိုးအဆက်မပြတ်ရွာသွန်း၍ ဆင်သေချောင်း ရေပြည့်ရေကျော်သဖြင့် ရပ်ကွက်၊ ကျေးရွာများအတွင်း ရေများဝင်ရောက်လျက်ရှိရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်၍ တိုင်း၊ ခရိုင်မှ ကယ်ဆယ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကယ်ဆယ်ရေးအဖွဲ့များက ရေဝင်ရောက်သော ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်း၍ ရေဘေးသင့်ပြည်သူများကို ယမန်နေ့နံနက်ပိုင်းထိ လူအင်အား၊ စက်လှေများဖြင့် ကူညီကယ်ဆယ်ပေးလျက်ရှိကြောင်း သိရသည်။
Sep 13,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ စက်တင်ဘာ ၁၀ ရက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိတ္ထီလာ-တောင်ကြီးသွားကားလမ်းနေရာအချို့၌ ရေကျော်မှုနှင့် လမ်းသားပဲ့ကျမှုများဖြစ်ပွားနေ၍ ယာဉ်အသွားအလာများအန္တရာယ်ကင်းစေရေးအတွက် ယဉ်အသွားအလာများ ရပ်တန့်ထားစေကြောင်းနှင့် လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို မြို့နယ်လမ်းဦးစီးဌာနနှင့် တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီတို့က ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
Sep 12,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ ယခုရက်ပိုင်း နေ့စဉ် မိုးများအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းဝင်ရောက်မှုကြောင့် မန်းရွှေစက်တော်ဘုရားကြီးရှိ မန်းချောင်းအတွင်း၌ စက်တင်ဘာလ ၁၂ ရက်၊ ညနေ ၄ နာရီအချိန်မှစတင်ကာ မန်းချောင်းရေများ တဖြည်းဖြည်းတိုးမြင့်ဝင်ရောက်စီးဆင်းလျက်ရှိကြောင်း မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
Sep 12,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် စက်တင်ဘာ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ မိုးများ အဆက်မပြတ်ရွာသွန်းခဲ့သည့်အတွက် ပုဗ္ဗသီရိမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ဆင်သေချောင်းဘေး အနိမ့်ပိုင်းတွင်နေထိုင်ကြသော ကျေးရွာများအတွင်း ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သည့်အတွက် ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ကင်းရာနေရာများသို့ရွှေ့ပြောင်းခြင်းနှင့် ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 12,2024
ပဲခူးတိုင်း‌ဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် ဂျီအီးစီ (ပညာရေး) သမဝါယမအသင်းလီမိတက်နှင့် မဏ္ဍိုင်ငွေစုငွေချေးအသင်း သမဝါယမအသင်းလီမိတက်တို့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(ဇီးကုန်း) ခန်းမ‌တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Sep 12,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စက်တင်ဘာ (၁၁) ရက်နေ့နံနက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကော့ထင်းကျေးရွာအုပ်စု၊ ရန်ကုန် - မော်လမြိုင် သွားကားလမ်း မိုင်တိုင်အမှတ် (၁၀၆/၂) နှင့် (၁၀၆/၃) အကြား ရေ (၄) လက်မခန့်၊ လမ်းအရှည် (၄၀၀) ပေခန့်နှင့် မိုင်တိုင်အမှတ် (၁၀၆/၆) နှင့် (၁၀၆/၇) အကြား ကားလမ်းမကြီးပေါ်တွင် ရေ (၄) လက်မခန့်၊ လမ်းအရှည် (၃၀၀)ပေခန့် ကားလမ်းရေကျော်မှုဖြစ်ပွားခဲ့သည်။
Sep 12,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် နေထိုင်ကြသော ဒေသခံပြည်သူများမှာ  အဓိကစီးပွားရေးလုပ်ငန်းအဖြစ် ဖာလာပင်စိုက်ပျိုးခြင်းလုပ်ငန်းကို လုပ်ကိုင်ကြပြီး ရာသီပေါ်ချိန်တွင် ချဉ်ပေါင်ဖာလာသီးနှံများ ရင့်မှည့်လာပြီဖြစ်ရာ ဖာလာစိုက်တောင်သူများက ဩဂုတ်လနောက်ဆုံးအပတ်မှစတင်၍ အောက်တိုဘာလအထိ ဆွတ်ခူးကြပြီး ယခုနှစ်ရာသီအစတွင် ယမန်နှစ်ကထက် ဈေးပိုမိုရရှိနေသဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။