ပခုက္ကူမြို့၌ သီတင်းကျွတ်လပြည့် ဆီမီးထွန်းညှိပူဇော်သူများဖြင့် စည်ကား

ပခုက္ကူ  အောက်တိုဘာ

မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများနှင့် မြို့ပေါ်ရပ်ကွက်များ၌ အစဉ်အလာမပျက် ဆီမီး ထွန်းညှိပူဇော်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။

သီတင်းကျွတ်လပြည့် ညနေပိုင်းတွင် ပခုက္ကူမြို့၊ ဒေသခံပြည်သူများအနေဖြင့် ရှေးဟောင်း သမိုင်းဝင်ဘုရား၊ ပုထိုး၊စေတီများ၌ ဗုဒ္ဓမြတ်စွာဘုရားရှင်အား ရည်မှန်းကာ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ထွန်းညှိပူဇော်ခြင်း၊ ကုသိုလ်ကောင်းမှုပြုလုပ်ခြင်း၊ မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်များ၊ နေအိမ်များ၊ လမ်းမကြီးတို့တွင် ရောင်စုံမီးလုံးများနှင့် ဆီမီးများထွန်းညှိပူဇော်ခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)