မိတ္ထီလာ အောက်တိုဘာ ၇
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ထမုန်ကန်ကျေးရွာအုပ်စု ဥယျာဉ်ကုန်းကျေးရွာ၌ ဥယျာဉ် ကုန်းကျောင်းတိုက်ဦးစီးပဓာနနာယဆရာတော် ဒေါက်တာကောသလ္လ ဦးစီးဆောင်ရွက်ခဲ့သော ကိုယ်ထူကိုယ်ထ ကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင် ဦးကျော်ဇေယျ နှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် ကော်မတီဝင်များ တက်ရောက်အားပေးသည်။ ၎င်းကျေးရွာလမ်းသစ်အား ဟံလင်းမဟာစည် သာသနာ့ရိပ်သာ ဆရာတော် ဘဒ္ဒန္တအဂ္ဂသာရ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်နှင့် တပ်မတော် ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ) စက်ရုံမှူးဗိုလ်ကြီးနိုင်လင်းတို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးသည်။ အဆိုပါ ကျေးရွာကွန်ကရစ်လမ်းသည် အရှည် ပေ ၃၂ဝဝ ၊ အကျယ် ၁၄ ပေ ရှိပြီး စုစု ပေါင်းကုန်ကျငွေတန်ဖိုးကျပ် သိန်း ၆၂ဝ အကုန်အကျ၍ ကျေးရွာဒေသခံပြည်သူများ နှင့်အလှူရှင် စေတနာရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ချမ်းသာ