အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး ခန်းမတွင် အဝေးရောက် ကျောက်ကြီးမြို့သူ/မြို့သားများဖြစ်သည့် KOTA HALUS SHIP CAPT-LI TIANHU နှင့် ဦးသက်လွင် + ဒေါ်ဆွေဇင်ထိုက် (သမီး) မမိုးမြင့်မြင့်လွင် မိသားစုမှ ပေးပို့ကူညီသည့် အလှူငွေများအား မြို့နယ်ကြက်ခြေနီအသင်းခွဲ၏စီမံမှုဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သိန်တန်းရပ်ကွက် ရွှေမင်းဝန်ကုန်းမြေကသစ်ဝိုင်ဓမ္မရိပ်သာတွင် ယာယီနေရပ်စွန့်ခွာသည့် ကျေးရွာများမှ အိမ်ထောင်စု(၂၅)စုအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Sep 14,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ခုနှစ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာသိကောင်းစရာများ ဟောပြောခြင်းကို ယမန်နေ့နံနက်၁၀နာရီအချိန်က အခြေခံပညာထက်တန်းကျောင်း (အောင်ဆန်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 14,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ညနေ(၄)နာရီက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပြည်သူများသို့ အသိပညာပေးနှိုးဆော်ခြင်းကို  မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
Sep 14,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များသို့ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီ အချိန်က လိုက်လံနှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။
Sep 14,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ဝက်တဲကျေးရွာနှင့် ညောင်ကုန်းကျေးရွာ၌ ပြုလုပ်သည်။
Sep 14,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်လှစ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက သရက်မြို့ မြောက်မင်းတည်းရပ်ကွက်တွင် နည်းပြသင်တန်းသားများအား လက်တွေ့ကွင်းဆင်း လေ့ကျင့်သင်ကြားပေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
Sep 14,2024
မွန်ပြည်နယ်၊ မုဒုံမြို့တွင် မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာနှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က ပင်လယ်ဆိပ်ကမ်းနားရှိ  ကတုံးပေါ်ကျေးရွာ၌ ပြုလုပ်သည်။
Sep 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ​ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်၍ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး ဘက်စုံထူးချွန်သော လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က ကျွန်းစုမြို့၊ ကပကျေးရွာအုပ်စုအတွင်းရှိ အ-လ-က မရမ်း‌ချောင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။