သဲကုန်း အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်တွင် (၄၃)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မွန်းလွဲ(၁)နာရီကသာရမဥ္ဇူသာမိုဃ်းကောင်းစေတီတော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဘုရားအမှူးပြု၍ သဲကုန်းမြို့နယ် အတွင်းရှိ မြို့ပေါ် ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်များမှ ဆရာတော် သံဃာတော်အပါး(၈၀)က သာရမဥ္ဇူသာမိုဃ်းကောင်းစေတီတော်မှ မြို့အတွင်းသို့ ကြွရောက်အလှူခံတော်မူရာ ဒါယကာ၊ ဒါယိကာမများ၊ ရပ်ကွက်နေပြည်သူများ၊ ရပ်နီး ရပ်ဝေးမှ စေတနာရှင်/အလှူရှင်များက ဝတ္ထုငွေ၊ ဆွမ်းဆန်တော်များ၊ ဆီ၊ ဆား၊ ဆေး၊ ခေါက်ဆွဲခြောက်၊ ဆပ်ပြာ၊ မုန့်မျိုးစုံ၊ ဖယောင်းတိုင်၊ အမွှေးတိုင် အစရှိသည့် လှူဖွယ်ဝတ္တုပစ္စည်းများအား စေတနာသဒ္ဒါတရားထက်သန်စွာ စုပေါင်း၍လောင်းလှူခဲ့ကြကြောင်း သိရသည်။
ကိုကျော်(ပြန်/ဆက်)