ပေါင်းတည်မြို့၌ (၁၄၄)ကြိမ်မြောက် မြို့လုံးကျွတ် ဝါကျွတ်ဆွမ်းလောင်းလှူဒါန်း

ပေါင်းတည် အောက်တိုဘာ ၇

ပဲခူးတိုင်းဒေသကြီး၊‌ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၆ နာရီမှစ၍ (၁၄၄)ကြိမ်မြောက် မြို့လုံးကျွတ် ဝါကျွတ်ဆွမ်းလောင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။

 ထိုသို့ မြို့လုံးကျွတ် ဆွမ်းလောင်းလှူဒါန်းကြရာ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ကဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဌာနပေါင်းစုံ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် တပ်ရင်းတပ်ဖွဲ့မိသားစုတို့၏ စုပေါင်းဆွမ်းလောင်းစုရပ်မှလည်းကောင်း၊ မြို့ပေါ် ၁၂ ရပ်ကွက်အတွင်းရှိ လမ်းအသီးသီး ဆွမ်းလောင်းရုံများရှိ ရပ်ရွာပြည်သူနှင့် လူမှုအသင်းအဖွဲ့များကလည်းကောင်း၊ မြို့နယ်အတွင်း ကျောင်းတိုက်များမှ စီတန်းကြွချီလာကြသည့် ဗုဒ္ဓအမှူးပြုသော သံဃာတော် ၁၄၄ ပါးတို့အား ဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့နိုင်စေရေးနှင့် စိတ်အေးချမ်းသာစွာ သာသနာအကျိုးသယ်ပိုးအားထုတ်နိုင်စေရေးအတွက် လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုအစုစုတို့ကို အသီးသီးလောင်းလှူကာ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြကြောင်း သိရသည်။

ရွှေသား(IPRD)