မဟာရွှေစည်ကြီး စေတီတော်၌ ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ခြင်းများဆောင်ရွက်

ကန့်ဘလူ အောက်တိုဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် သီတင်းကျွတ်လပြည့်ကျော် ၁ ရက် (အောက်တိုဘာ ၇ ရက်)တွင်လည်း ကန့်ဘလူမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးသို့ သွားရောက်၍ ဗုဒ္ဓဘာသာဝင် ပြည်သူများသည် ဆရာတော်ကြီးများထံတော်မှ ဥပုသ်သီလခံယူဆောက်တည်ခြင်း၊ တရားတော်များ နာယူကြည်ညိုခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း စသည့်ကောင်းမှု ကုသိုလ်များပြုလုပ်ခဲ့ကြသည်။

ထို့ပြင် ယမန်နေ့ည(သီတင်းကျွတ်လပြည့်နေ့)က မဟာရွှေစည်ကြီးစေတီတော်၌ ဌာန ဆိုင်ရာများ၊ ဝတ်အသင်းများ၊ လူမှုရေးအသင်းများ၊ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီး ၁၀၀၀၊ ဖယောင်းတိုင်၊ အမွှေးနံ့သာများ ကပ်လှူပူဇော်ကြသူများဖြင့် စည်ကားများပြားခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)