အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ဆရာတော်၊ သံဃာတော်များ ဝါတွင်းကာလအတွင်း စိတ်အေးချမ်းသာစွာဖြင့် တရားဘာ၀နာများ ပွားများနိုင်စေရန်အတွက် ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့၊ အလုံရပ်ကွက်ရှိ လေးတောင်ပြင်ကျောင်းတိုက်ကြီးအတွင်း သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
Sep 15,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရန်အတွက် ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို  အခြေခံပညာ အထက်တန်းကျောင်း(လှည်းကူး) အောင်ဆန်းခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 15,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ  မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ရောက်ရှိပြီး မြစ်ရေများဝင်ရောက်လျက်ရှိသောကြောင့် တောင်ငူခရိုင်တွင်းရှိ၊ တောင်ငူမြို့နယ်တွင် ရေဘေးရှောင်စခန်း(၅၁)ခု၊ အိမ်ထောင်စု(၈၉၃၁)စု၊ လူဦးရေ(၃၆၈၄၁)ဦး၊ ရေတာရှည်မြို့နယ်တွင် ရေဘေးရှောင်စခန်း (၁၈)ခု၊ အိမ်ထောင်စု(၄၂၉၆)စု၊ လူဦးရေ(၁၆၈၁၂)ဦး၊ ထန်းတပင်မြို့နယ်တွင် ရေဘေး‌ရှောင်စခန်း (၈)ခု၊ အိမ်ထောင်စု(၉၆၂)စု၊ လူဦးရေ(၃၃၅၅)ဦး၊ အုတ်တွင်းမြို့နယ်တွင် ရေဘေးရှောင်စခန်း(၁၀)ခု၊ အိမ်ထောင်စု(၅၁၁၃)စု၊လူဦးရေ(၂၀၇၆၄)ဦး၊ စုစုပေါင်း‌ တောင်ငူခရိုင်အတွင်း ရေဘေးရှောင်စခန်း(၈၇)ခုရှိပြီး၊ အိမ်ထောင်စု(၁၉၃၀၂)တို့မှ ရေဘေးရှောင်ပြည်သူလူဦးရေ (၇၇၇၇၂)ဦးအား တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲမှုအဖွဲ့မှ ဦးဆောင်၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားလျက်ရှိကြောင်း သိရသည်။
Sep 15,2024
ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ဇိနမာရ်အောင်ဘုရားဝင်းအတွင်း၊ ဝိမုတ္တိသုခ နှစ်ထပ်‌ဆောင်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး ခရိုင်အဆင့်သင်တန်းကို (၃-၉-၂၀၂၄)ရက်နေ့မှ(၁၄-၉-၂၀၂၄)ရက်နေ့အထိ ဖွင့်လှစ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၀:၀၀)နာရီ၌ သင်ခန်းစာတွင်ပါရှိသည့် လက်တွေ့ လေ့ကျင့်ခြင်းဆိုင်ရာနှင့် ပတ်သက်၍ ၄/မြောက်ရပ်ကွက်၊ အောင်ရတနာ (၁၄)လမ်းတွင် မြေပြင်၌ လက်တွေ့ကွင်းဆင်း စာရင်းကောက်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး မော်လမြိုင်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်ရေးလူငယ်စကားဝိုင်းကို ရာဇူဒိုင်ကြပ်စဥ်ချောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပသည်။
Sep 15,2024
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်တွင် ၂၀၂၄ခုနှစ် ကမ္ဘာ့ရှေ့ဦးပြုစုခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရေးမြို့ ရန်ကြီးအောင်ရပ်ကွက် အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။
Sep 15,2024
ကရင်ပြည်နယ်အတွင်း ဇူလိုင်လနှင့်ဩဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိုက်ပျိုးပြီး မိုးစပါးများ ရေကြီးနစ်မြုပ်မှုများဖြစ်ပွားခဲ့ရာ ယမန်နေ့နံနက် ၈ နာရီက ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ကော့သင်းရှူးကျေးရွာတွင် ရေကြီးနစ်မြုပ်မိုးစပါးစိုက်ခင်းများအတွက် ယူရီးယား/သဘာဝမြေဩဇာများကို ထောက်ပံ့ပေးအပ်ပြီး မြေဩဇာစုပေါင်းကြဲပက်ခြင်းနှင့် ပိုးမွှားရောဂါ စုပေါင်းကာကွယ်နှိမ်နှင်းခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။