အမြို့မြို့အနယ်နယ်သတင်းများ

Sep 13,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ ၁၀ ရက်မှ ၁၁ ရက်ထိ မိုးအဆက်မပြတ်ရွာသွန်းပြီး နဝင်းချောင်း ရေပြည့်ရေကျော်မှုကြောင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းငွေနှင့် ပစ္စည်းများလှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Sep 13,2024
ပဲခူးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံလျက်ရှိကြောင်း သိရသည်။
Sep 13,2024
မကွေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
Sep 13,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ရဟန်းရှင်လူပြည်သူများ ကျန်းမာရေးကောင်းမွန်စေရန် မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် ဒီဂျစ်တယ်ဓာတ်မှန်စက်ဖြင့် နယ်လှည့်အဆုတ်နှင့် ရင်ခေါင်းဆိုင်ရာတီဘီ ရောဂါရှာဖွေကုသခြင်းအား ယမန်နေ့ နံနက် ၉ နာရီတွင် ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်ဘောဂနာအရှေ့ပိုင်းဓမ္မာရုံ၌ စစ်ဆေးကုသပေးခဲ့သည်။
Sep 13,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ဘေးဝဲယာရှိ ကျေးရွာ ၁၅ ရွာတွင် စက်တင်ဘာလ ၁၁ ရက်နေ့ ညနှင့် ယမန်နေ့နံနက်ပိုင်းက လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်​ရေးစခန်း ၁၀ ခု ဖွင့်လှစ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 13,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် လူမှုဝန်ထမ်းရုံးက ကျား/မရေးရာ အခြေခံသဘောတရားများ Gender, CEDAW, NSPAW, UNSCR 1325 အသိပညာပေးခြင်း အစီအစဉ်ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 13,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ယနေ့မွန်းလွဲ (၁)နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။
Sep 13,2024
ပြည်ထောင်စုနယ်မြေ‌၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဆိုင်ရာ(ခရိုင်အဆင့်) အသိပညာပေးရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် - ၁၄ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။