Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်ဆည်မြို့တွင် သံဃာဂိုဏ်ပေါင်းစုံ ပဝါရဏာရွတ်ဖတ်ပွဲနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Oct 07,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် သာသနာတော်နှစ် ၂၅၆၉ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ် သံဃာဂုဏ်းပေါင်းစုံ ပဝါရဏာရွတ်ဖတ်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ညနေ(၃)နာရီက ဆူးကုန်းရပ်ကွက် ရေနားသာမဏေကျော်ကျောင်း ဝေရီဇေယျသာသန ဝေပုလ္လကာရီ ဝိသုဂါမ မဟာသိမ်တော်ကြီးတွင် ကျင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်လောင်းလှူပူဇော်
Oct 07,2025
ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှကြီးမှူး၍ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ (၆)ရက် မွန်းလွဲပိုင်းက ပဲခူးမြို့ရွှေမော်ဓောဘုရား တောင်ဖက်မုခ်ရှိ မဟာသီဝလိသိမ်တော်၊ ကြခတ်ဝိုင်းကျောင်းတိုက် သိမ်တော်၊ မဟာကလျာဏီသိမ်တော်နှင့် ကမ္မဌာန်းကျောင်းတိုက် သိမ်တော်စသည့်နေရာများတွင် သံဃဂိုဏ်းအလိုက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ လောင်းလှူပူဇော် ကြည်ညိုသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့နယ်အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှု
Oct 07,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ များတွင် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ (၁) ၊ (၁- က) များကို စက်တင်ဘာလ ၃၀ ရက်နေ့မှစတင်၍ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ် မဟာဝိသုတာရာမကျောင်းကြီးတိုက်အတွင်း၌ ပဝါရဏာသိမ်ဆင်းလောင်းပွဲကျင်းပ
Oct 07,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့ မဟာပဝါရဏာသိမ်ဆင်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မဟာဝိသုတာ ရာမကျောင်းကြီးတိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦတင်မောင်ဝင်း ပုသိမ်မြို့ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ မဟာပဝါရဏာပြုပွဲအခမ်းအနားတက်ရောက်
Oct 07,2025
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီးတို့သည် ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့သဲအင်းဂူတရားပြကျောင်းတိုက် ဦးစီးပဓာနနာယက သက်တော်ရှည် ရေဆွမ်းဆရာတော် ဘဒ္ဒန္တသီဟ (မဟာကမ္မဋ္ဌာနာစရိယ)မဟာထေရ်မြတ်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
အပြည့်အစုံ ဖတ်ရန်
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် မြန်အောင်မြို့ သမိုင်းဝင်ရွှေဘုံသာစေတီတော်မြတ်ကြီး၌ ဆီမီး(၃၀၀၀)ပူဇော်ပွဲနှင့် ဘုရားစေတီပုထိုးများတွင် ဆီမီးပူဇော…
Oct 07,2025
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့သမိုင်းဝင် မြန်အောင်ရွှေဘုံသာစေတီတော်မြတ်ကြီး၌ ဆီမီး (၃၀၀၀) ပူဇော်ပွဲနှင့် ဘုရားစေတီပုထိုးများတွင် ဆီမီးရောင်စုံပူဇော်ခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း၊ လျှပ်စစ်မီး ရောင်စုံများဖြင့် ပူဇော်ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့ရှိ ဂေါတမသဗ္ဗညုရွှေပြည်အေး (၁၁) ထပ်ဘုရားကြီး၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဆီမီး ၁၀၀၀ ထွန်းညှ…
Oct 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူး၍ ယမန်နေ့ ည ၇ နာရီအချိန်တွင် ဂေါတမသဗ္ဗညုရွှေပြည်အေး(၁၁)ထပ်ဘုရားကြီး ပုရဝဏ်အတွင်း ဆီမီး ၁၀၀၀ ကပ်လှူပူဇော်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် မီးထွန်းပူဇော်ရာ ဘုရားဖူးလာပြည်သူများဖြင့်စည်ကား
Oct 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာ ဘုရားကြီး၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ယမန်နေ့ညနေ ၆ နာရီတွင် ဆီမီးများ၊ လျှပ်စစ်ရောင်စုံမီးများဖြင့် မီးထွန်းပူဇော်ရာတွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိပြီး မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာ ဘုရားကြီး၌ လပြည့်ကျော်(၁)ရက်နေ့ အထိ လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့်ဆီမီးပူဇော်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပြီး စင်တင်တေး ဂီတ၊ အိုးစည်ဝိုင်းများဖြင့် ဖျော်ဖြေတင်ဆက်၍ မီးပုံးပျံများကို ညပိုင်းတွင် လွှတ်တင်သွားမည်ဖြစ်ကြောင်း ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ ဂေါပက အဖွဲ့ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2730
Page
2731
Page
2732
Page
2733
Current page
2734
Page
2735
Page
2736
Page
2737
Page
2738
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department