အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီကာလတွင် သဘာဝဘေးဒဏ်ခံရခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် သဘာဝပတ်ဝန်းကျင် သစ်တောသစ်ပင်များ စိမ်းလန်စိုပြေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့်ကာကွယ်ထိန်းသိမ်းနိုင်ရန် ထန်းတပင်မြို့နယ် ကြို့ပင်သာကွက်သစ် အခြေခံပညာမူလတန်းလွန်ကျောင်း၌ မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
Jun 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် ယနေ့ နံနက်ပိုင်းက ပြည်သူများ နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာ‌နေမှု ရှိ/မရှိ ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဘဏ္ဍာရေးနှစ်အလိုက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jun 21,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ အပြည်ပြည် ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ်အဖြစ် "မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်" ကို ယနေ့ နံနက်ပိုင်းက ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့နယ်ခန်းမအနီးရှိ သတ်မှတ် ကွင်းပြင်၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 21,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စား အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်မှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jun 21,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး စာပေဖတ်ရှုသူ ပိုမိုတိုးပွားလာစေရေးနှင့် စာပေမှရသော  အသိအမြင် ဗဟုသုတများ ရရှိစေရေး၊ စာဖတ်သည့် အလေ့အကျင့် ဖြစ်ပေါ်စေရေး ရည်ရွယ်၍ ယနေ့နံနက် ၁၀နာရီ အချိန်က မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးသို့ နယ်လှည့်စာကြည့်တိုက် လုပ်ငန်းများကွင်းဆင်း  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 21,2021
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့ နံနက် ၁၀ နာရီ ၄၅မိနစ်အချိန်တွင် မိတ္ထီလာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre တွင် ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။