အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၁ခုနှစ်၊ မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် ကျင်းပသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယ‌မန်‌နေ့ မွန်းလွဲ ၃ နာရီခန့်က ဝါးခယ်မမြို့ ရွှေခယ်သီရိ အားကစားခန်းမ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
Jun 21,2021
 ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်သော စည်ကမ်းများအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းလုပ်ငန်း Mask Campaign ကို ယနေ့ နံနက်(၇)နာရီအချိန်က လူစည်ကားရာဈေး(၂)ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 21,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ မြန်မာနိုင်ငံ၏စိုက်ပျိုးရေး ဂေဟစနစ် မတူညီသည့်ဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် ရေရှည် တည်တံ့သည့် သီးနှံစိုက်ပျိုးရေးနှင့် သစ်တောစီမံအုပ်ချုပ်မှုစီမံကိန်းနှင့် စိုက်ပျိုး‌ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပေါ်ဆန်းရင် မျိုးစပါးများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jun 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသံချဲ့စက်ဖြင့် နေ့စဉ်အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
Jun 21,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံဖြိုး တိုးတက် ရေးဦးစီးဌာန၊ ဘားအံမြို့နယ်ကျေးလက်ရုံးမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူ ပြုအခြေခံမော်တာနှင့် အဆင့်မြင့် မော်တာအပ်ချုပ်စက်သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ လှာကမြင်(ကွက်သစ်)ရှိ ပြည်နယ်ကျေးလက်ရုံး သင်တန်းခန်းမ၌ ကျင်းပသည်။
Jun 21,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းပေါင်း(၂၃၀)ကျောင်းအား ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဇွန်လ ၂၁ ရက် နေ့မှစ၍ အရေးပေါ်အခြေအနေအရ ယာယီပိတ်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Jun 21,2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီး ဌာနမှ ဦးဆောင်ကျင်းပသည့် ၂၀၂၁ ခုနှစ် (၂၈) ကြိမ်မြောက် အစိုးရနိ ကာယ်စာမေးပွဲကို ဇွန်လ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ တစ်နိုင်ငံလုံး၌ ကျင်းပမည်ဖြစ်ရာ ကယားပြည်နယ်၊ လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က အစိုးရနိကာယ်စာမေးပွဲကို ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Jun 21,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ကော်မတီ အစည်းအဝေးကိုကျင်းပခဲ့သည်။