ပင်လောင်းမြို့နယ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ပင်လောင်း ဇွန်၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဘဏ္ဍာရေးနှစ်အလိုက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)လုပ်ငန်းများအနက် ပင်လောင်းမြို့နယ် လိန်းညား ကျေးရွာအုပ်စုနှင့် တောင်ထီဗွာကျေးရွာအုပ်စုမှ ကျေးရွာ(၁၀)ရွာအား ရေပေးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှမ်းပြည်နယ်တောင်ပိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း၊ တောင်ကြီးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခရိုင်းဦးစီးမှူး ဦးရန်မျိုးနိုင်တို့က ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ပင်လောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းနှင့်ဝန်ထမ်းများ၊ စီမံကိန်းကျေးရွာများမှ ကျေးရွာ တာဝန်ခံများက ရှင်းလင်းတင်ပြကြပြီး၊ ပြည်နယ်ဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့က လုပ်ငန်းလိုအပ် ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်