အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွါးမှုကို ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း (Mask) တပ်ဆင်သည့် အလေ့အထဖြစ်စေရေး ရည်ရွယ်ပြီး ယနေ့နံနက် ၇ နာရီအချိန်မှ စတင်ကာသံဖြူဇရပ် မြို့နယ်အတွင်းအမှတ် (၁) စျေးနှင့် စျေးအရှေ့ လူစည်ကားရာ နေရာတွင် (Mask Campaign) ပြုလုပ်ခဲ့သည်။
Jun 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jun 21,2021
၂၀၂၁−ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ရွာငံမြို့နယ် မြို့ကုန်းရပ်ကွက် ဘောလုံးကွင်းအနီး၌ ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 21,2021
 မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တိုင်းဒေသကြီးရန်ပုံငွေဖြင့် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ မြို့မရပ်ကွက်၊ ကန်တော်မင်္ဂလာ (၁)လမ်းတွင် အများပြည်သူ သွားလာရေးလွယ်ကူစေရန်နှင့် ရေစီးရေလာ ကောင်းမွန်ရေးအတွက် အမှတ်(၁) Box Culvert တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာခိုင်နှုန်းပြည့်ပြီးစီးနေ ပြီဖြစ်ကြောင်း သိရသည်။
Jun 21,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြိို့နယ်အတွင်းဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဉယျာဉ်တော်ကျေးရွာနှင့် စလင်းမြို့သို့ဆက်သွယ်သည့်လမ်း ကွန်ကရစ်ခင်းလုပ်ငန်း ၇၅ ရာနှုန်းပြီးစီးပြီ ဖြစ်သည်။
Jun 21,2021
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာရုံးက ယနေ့နံနက် ၁၀ နာရီတွင် ပြည်မြို့ အောင်မြေသာမူလတန်းလွန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
Jun 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယနေ့တွင် ပျဉ်းမမြိုင်ရပ်ကွက်၊အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
Jun 21,2021
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်း ရေးဌာနမှ ထောက်ပံ့မှု၊ ရန်ကုန် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီ၏ ညွှန်ကြားမှုတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့ အလက(မြို့မ)ကျောင်းတွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။