ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာ‌နေမှု ရှိ/မရှိ စစ်ဆေး

ကျွန်းစု ဇွန် ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် ယနေ့ နံနက်ပိုင်းက ပြည်သူများ နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာ‌နေမှု ရှိ/မရှိ ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ထွေ/အုပ်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် မြိတ်မြို့မှ ကျွန်းစုမြို့သို့ လိုက်ပါစီးနင်းလာသူ ခရီးသည်များအား  နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်းများအား ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထို‌နောက် ခရီးသွားပြည်သူများနှင့် အငှားယာဉ်/ဆိုင်ကယ်ယာဉ်မောင်းများ၊ လမ်းသွားလမ်းလာ ပြည်သူများအား အပြင်ထွက်သည့် အခါတိုင်း နှာခေါင်းစည်း Mask နှင့် Face Shield များ မဖြစ်မနေ တပ်ဆင်ကြရေးတို့ကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စည်သူရအောင်