အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယမန်နေ့နံနက်ပိုင်းက ညောင်ကုန်းကျေးရွာအုပ်စုသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jun 21,2021
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် မိုးစတင်ရွာသွန်းသဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ များမှ တောင်သူများမှာ မိုးသီးနှံများစိုက်ပျိုးရန်စတင်၍ စိုက်ပျိုးရေးလုပ်ငန်းခွင် ဝင်ရောက် နေကြပြီဖြစ်ကြောင်း သိရသည်။
Jun 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိစေရန် ရည်ရွယ်၍  ယနေ့နံနက် ၁၀ နာရီက သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  "လူငယ်တွေလမ်းမမှားနှင့်  မူးယစ်ဆေးဝါးအန္တရာယ် " အသိပညာပေး စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Jun 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိစေရန် ရည်ရွယ်၍  ယနေ့နံနက် ၁၀ နာရီက သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  "လူငယ်တွေလမ်းမမှားနှင့်  မူးယစ်ဆေးဝါးအန္တရာယ် " အသိပညာပေး စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Jun 21,2021
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ကျိုက်မရော မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတို့ပူးပေါင်း၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (နတလ) အကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျိုက်မရောမြို့လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
Jun 21,2021
ငါးသံယံဇာတများ ရေရှည် စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်၊ ငါးရိက္ခာများ ရေရှည် စားသုံးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနက မှော်ဘီမြို့နယ်၊ ဖူးကြီးရေလှောင်တမံ သဘာဝရေပြင်သို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၈)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Jun 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ် ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းကို ယနေ့ နံနက် ၈ နာရီက ကော့သောင်းမြို့၊ အကျဉ်းဦးစီးဌာန၊ ကော့သောင်းအကျဉ်း ထောင်ဝင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ မြို့နယ်အားကစားခန်းမတွင် ယနေ့ နံနက်(၁၀)နာရီ အချိန်က ၂၀၂၁ ခုနှစ်၊ ဓနုဖြူမြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(TSDP)အရ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း ခတ်ပြိုင်ပွဲနှင့် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။