အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2021
စစ်ကိုင်းတိုင်းဒေသကြီး အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ဇွန်လ ၈ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြု လုပ်ခဲ့ရာ ပြိုင်ပွဲသို့ တိုင်းဒသကြီးအတွင်းမှ ခရိုင် ၁၁ ခရိုင်ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးပထမဆုရ ရွှေဘိုခရိုင် အမျိုးသမီးဘောလုံးအသင်း၏ တံခွန်စိုက်ဒိုင်းဆုဖလားအား ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ထံသို့ အပ်နှင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ရွှေဘိုခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jun 21,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်း ချက်များအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းလုပ်ငန်း Mask Campaign ကို ယနေ့ နံနက်၈နာရီအချိန်က နတ်တလင်းမြို့မစျေးကြီးနှင့်လူစည်ကားရာနေရာများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 21,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် စာရေးဆရာ မြနှင်းရည်ရှိန် ဘာသာပြန်ရေးသားသည့် "အတွေးများမှသည် လက်တွေ့လုပ်ဆောင်မှုဆီသို့" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၁) နာရီအချိန် က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
Jun 21,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦး စီးဌာနမှ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ဒေသခံ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့်ရရှိစေရန်အတွက် ယမန်နေ့နံနက် (၉)နာရီ အချိန်ခန့်က ဆင်ပေါင်ဝဲမြို့နယ် တောညောင်ပင်သာကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jun 21,2021
မွန်ပြည်နယ်၊  မော်လမြိုင်ခရိုင်   မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ   ၂၀၂၁ ခုနှစ်အတွက် တောင်သူများ အား မိုးရာသီစိုက်ပျိုးစရိတ်ဘဏ်ချေးငွေများကို ဇွန်(၃)ရက်မှစတင်ကာ သြဂုတ်လကုန်ထိ ထုတ်ချေးပေး မည်ဖြစ်ပြီး ယနေ့နံနက်၁၀နာရီက ကော့နှတ်ကျေးရွာ တောင်သူ(၆၀)ဦးတို့အား ဆက်လက်ထုတ်ချေးပေး လျက်ကြောင်း သိရသည်။
Jun 21,2021
 ဧရာ၀တီတိုင်းဒေသကြီး  ကန်ကြီးထောင့်မြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သော နှာခေါင်းစည်း mask များနှင့်  အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်၇နာရီအချိန်မှစတင်၍ ကန်ကြီးထောင့်မြို့ မာလာကုန်း လမ်းဆုံနှင့်ဒါးကလမ်းဆုံတို့၌ဆောင်ရွက်ခဲ့သည်။
Jun 21,2021
ရန်ကုန်တိုင်းဒေသကြီး ၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို Talk Show ဆောင်ရွက်ခဲ့သည်။
Jun 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ကွန်းတောင်းကျေးရွာအုပ်စု၊ ဟဲခမ်း (ရွာ ဟောင်း)ကျေးရွာရှိ မူလွန် - ဟဲခမ်း ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာမ နှစ်ဦး ထံမှ အနံ့မရကြောင်းသိရသဖြင့် ယခုနှစ် ဇွန်လ (၁၉) ရက်နေ့ နံနက်(၁၁)နာရီက RTD Test Kit ဖြင့် စစ်ဆေး ဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး၊ ဟုမ္မလင်း ခုတင်(၁၀၀)ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ကုသပေး လျက်ရှိကြောင်းသိရသည်။